Thursday, January 24, 2013

လုပ်ငန်းခွင်မှဖားများအကြောင်း


ဖားဆိုသည်မှာ လုပ်ငန်းခွင်အတွင်း သူဋ္ဌေးမှ ပေးထား၊ ကျွေးထားသူဖြစ်ပြီး အခြားသူများကို မျက်စိဒေါက်ထောက်ကြည့်ကာ သူဋ္ဌေးအား အတို့အထောင်လုပ်ပြီး ယုံကြည်အောင် ပြောဆိုသူများကို ဆိုလိုပါသည်။ မကောင်းသတင်းများကို သူဋ္ဌေးမှ မေးစရာမလိုပဲ တစ်လုံးမကျန် ပြန်လည်တင်ပြသူများကို ဆိုလိုပါသည်။

၁။ သတ်ဖား

သူဋ္ဌေးမှ မွေးထားသော ပုဂ္ဂိုလ်၊ လုပ်ငန်းခွင်အကြောင်း ကောင်းကောင်းနားလည်သောသူဖြစ်ပြီး သူဋ္ဌေးအပေါ် သစ္စာမရှိသောဖားကို ဆိုလိုပါသည်။ သူဋ္ဌေး၏လူယုံဟု မိမိကိုယ်မိမိပြောဆိုတတ်ကြပြီး တစ်ဖက်သားအပေါ် မကောင်းမြင်ဝါဒများစွဲကိုင်ထားတတ်သူများဖြစ်သည်။

၂။ ဖားပျံ

သူဋ္ဌေး၏ထောက်ပံ့မှု ဂရုစိုက်မှုရနေလျှင် မနောခွေ့နေတတ်ပြီး အခန့်မသင့်၍ သူဋ္ဌေးမှ ဆူမိ ငေါက်မိပါက သူဋ္ဌေးပေးတာထက် ပိုပေးတတ်တဲ့သူဆီသို့ အချိန်မရွေးကူးပြောင်းသွားတတ်သူများဖြစ်သည်။ သူဋ္ဌေးအား ဖား၍မရမှန်းသိသည်နှင့် ဖားလို့ရမည့်နေရာ ဘယ်နေရာကိုသွားရမလဲဆိုတာ ကြိုတင် စိတ်ကူး အကောင်အထည်ဖော်တတ်သူများဖြစ်သည်။

၃။ ရာဘာဖား

လုပ်ငန်းခွင်တွင် ကိုယ်က နေရာရအောင်လုပ်နေတတ်ပြီး သူဋ္ဌေးရှေ့တွင် ကိုယ်ပဲအလုပ်လုပ်၊ သူများက အလုပ်မလုပ်သောပုံစံဖြင့် ဂိုက်ပေးကြမ်းသူများဖြစ်သည်။ လုပ်ငန်းခွင်တွင် အဖွဲ့အစည်းဖြင့် မနေဘဲ သီးခြားနေထိုင်တတ်ပြီး အလိုလိုသူများကို အပြစ်ကျအောင်လုပ်ဆောင်တတ်သူများဖြစ်သည်။ လုပ်ငန်းခွင်တွင် နေရာမရပါက တခြားနေရာသို့ကူးပြောင်းတတ်ကြသည်။ တခြားနေရာရောက်သွားပါက သူဋ္ဌေးရဲ့ ကောင်းကြောင်းပြောရန်ထက် မကောင်းကြောင်းပြောရန် တာစူနေတတ်သူများဖြစ်သည်။ ရာဘာကဲ့သို့ ပြန်ကန်တတ်သော သဘောရှိသောကြောင့် ရာဘာဖားဟု သတ်မှတ်လို့ရသည်။

Refer to Myanmar ICT Journal (Volume-2, Issue-2)



No comments:

Post a Comment