Friday, July 18, 2014

Is Love Really Essential to Marriage?





အချစ်ရှိနေချိန်မှာ အရာအားလုံးဟာ နူးညံ့သိမ်မွေ့နေမယ်လို့ ကျွန်တော်တို့အားလုံးရဲ့ ငယ်ဘ၀အိပ်မက်မှာရှိခဲ့ကြပါမယ် ဒါပေမယ့် လက်တွေ့မှာတော့ လက်ထပ်ခြင်းမှာ ညှိနှိုင်းမှုတွေအများကြီး လိုအပ်ပါတယ်။ Raquel Welch

အချစ်နဲ့လက်ထပ်ခြင်းဆိုတာ မြင်းနဲ့ယာဉ်လို သွားတယ်ဆိုတဲ့ ထင်မြင်ချက်က ယနေ့တိုင် ကျယ်ပြန့်နေဆဲဖြစ်ပါတယ်။ သို့ပေမယ့် ၄င်းထင်မြင်ချက်ကို ဆန့်ကျင်တဲ့ ငြင်းခုန်မှုတွေကတော့ (အချစ်ဆိုတာ) အင်အားရရှိခြင်းဖြစ်ပါတယ်။ ဒီထင်မြင်ချက်တွေမှာ လေးနက်တဲ့အချစ်ဆိုတာ ဘာလဲဆိုတာကို ရှင်းလင်းနေဖို့လိုပါတယ်။

အချစ်နဲ့လက်ထပ်မှုကြား မကြာသေးမှီက ဆက်နွှယ်ချက်များ

ကျွန်တော်အသက်ကြီးလာလေလေ ကျွန်တော်နဲ့ လက်ထပ်မထားတဲ့ ဘ၀ခရီးကို ကုန်ဆုံးချင်တဲ့ အချိန်နည်းလာလေလေ-Robert Brault

ခေတ်စားနေတဲ့ အယူအဆဖြစ်တဲ့ လက်ထပ်ခြင်းမှာ အရူးအမူးချစ်ခြင်း ဟာ အရေးကြီးတယ်ဆိုတာဟာ တကယ်တမ်းတော့ မကြာသေးခင်က သတင်းတစ်ခုဖြစ်ပါတယ်။ Stephaine Coontz(2005) လက်ထပ်ခြင်းသမိုင်းဆိုတဲ့ သူမရဲ့စာအုပ်ထဲမှာ ပြထားတာကတော့ ဒီလိုအယူအဆခေတ်စားလာတာဟာ 2 ရာစုမျှသာရှိသေးတယ်လို့ဆိုပါတယ်။ “လူတွေဟာ အမြဲတမ်းအချစ်မှာပဲ (သာယာ)ကျရောက်နေတတ်ပါတယ်။ အသက်တွေကြီးလာတာနဲ့အမျှ စုံတွဲတော်တော်များများဟာ တစ်ဦးကိုတစ်ဦး နက်နက်ရှိုင်းရှိုင်းချစ်လာကြပါတယ်။ သို့ပေမယ့် သမိုင်းမှာတော့ လက်ထက်ဖို့အတွက် အချစ်ဆိုတာ အဓိက အကြောင်းပြချက်ဖြစ်တယ်ဆိုတာ အင်မတန်(အလွန်)ရှားပါးတဲ့အရာဖြစ်ပါတယ်။” Coontz က ထပ်ပြီးငြင်းဆိုပြတာက “ယဉ်ကျေးမှုဓလေ့ထုံးတမ်း တော်တော်များများမှာ အချစ်ဆိုတာ လက်ထပ်ဖို့အတွက်လိုအပ်တဲ့အရာလို့ ထင်ရပေမယ့် လက်ထပ်ဖို့အတွက် အချစ်က (ခိုင်လုံတဲ့)ကောင်းတဲ့ အကြောင်းပြချက်အဖြစ် ပထမတန်းစားထဲမှာ မပါပါဘူး” လို့ဆိုပါတယ်။

Pascal Bruckner (2013)ကလဲ Coontz ရဲ့ ဖော်ပြချက်နဲ့ဆင်တူစွာ ၄င်းရဲ့အယူအဆကိုပြောပြပါတယ်။ “အတိတ်တုန်းကတော့ လက်ထပ်တယ်ဆိုတာ မြင့်မြတ်တယ် အဲဒီလက်ထပ်မှုမှာ အချစ်သာပါမယ်ဆိုရင်တော့ အချစ်ဆိုတာ(အပိုဆု)ဖြစ်သွားတယ်။ အချစ်ဟာ လက်ထပ်ခြင်းအတွက် အရေးပါတယ်။ အချစ်ဆိုတာ မြင့်မြတ်တယ်။ လက်ထပ်တာကတော့ ဒုတိယလိုက်တယ်”

ကွာရှင်းခြင်း၊ လက်မထပ်ဘဲ အတူနေခြင်း၊ မိဘ တစ်ဦးတည်းရှိသော မိသားစုများ တိုးပွားလာခြင်းကြောင့် လက်ထပ်တဲ့အရေအတွက်က တဖြည်းဖြည်းကျဆင်းလာပါတယ်။ Brukner ရေးသားခဲ့တာကတော့ အချစ်က လက်ထပ်ခြင်းကို အောင်နိုင်သွားပါပြီ။ လက်မထပ်ဘဲလည်း ချစ်လို့ရနေတာပါ။

ကျွန်တော်တို့ရဲ့ လူနေမှုဘ၀တွေမှာ အချစ်ကို လက်ထပ်ခြင်းမှာ အရေးကြီးတဲ့တန်ဖိုးတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားကြတာက လက်ထပ်ခြင်းတန်ဖိုးကို မြှင့်တင်လိုက်တာပဲဖြစ်ပါတယ်။

ကန့်ကွက်မှုများ

ကျွန်တော်လက်မထပ်ခင်ချိန်ထိ ပျော်ရွှင်မှုအစစ်အမှန်ဆိုတာကို မသိခဲ့ပါဘူး။ လက်ထပ်လိုက်ပြီးရော အရမ်းကို နောက်ကျသွားခဲ့ပါပြီ။ Max Kauffman

လက်ထပ်ခြင်းအတွက် အချစ်ကိုစဉ်းစားတဲ့နေရာမှာ အဓိက ကန့်ကွက်ချက် 2 ချက်ရှိပါတယ်။

၁။ လက်ထပ်တယ်ဆိုတာ နေထိုင်မှုအဖွဲ့အစည်းဘောင်တစ်ခုဖြစ်ပြီး အချစ်ထက်အရေးကြီးတဲ့ တခြားအကြောင်းအရာတွေပါဝင်ပါတယ်။

၂။ အချစ်ဆိုတာ ဘ၀မှာကြုံတွေ့ရတဲ့ ခဏတာ အတွေ့အကြုံဖြစ်ပြီး ကာလရှည်ကြာတဲ့ ချစ်ခြင်းမေတာက ပိုအရေးကြီးပါတယ်။

ပထမကန့်ကွက်ချက်က လက်ထပ်ခြင်းဆိုတာ လူမှုဘောင်တစ်ခုဖြစ်ပြီး တိကျတဲ့ လူမှုစီးပွားအခြေအနေတွေရှိနေတယ်ဆိုတာကို ညွန်ပြနေပါတယ်။ စုံတွဲတွေအနေနဲ့ ဒီအချက်ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒုတိယကန့်ကွက်ချက်က အချစ်ဆိုတာ မတည်မြဲဘူး၊ တစ်သက်တာလက်တွဲဖို့အတွက် ဆန့်ကျင်နေတဲ့အရာဖြစ်တယ်လို့ ဆိုပါတယ်။ ကန့်ကွက်ချက်၂ခု ကိုပေါင်းလိုက်ရင် အချစ်ကို လက်ထက်ဖို့အတွက်စဉ်းစားကြတာက စိတ်ပျက်စရာတွေဖြစ်လာဖို့ဆိုတာ သေချာနေပါတယ်။

လက်ထပ်ကြတော့မယ်ဆိုရင် စဉ်းစားသင့်တာက မိမိရဲ့လက်တွဲဖော်က good provider ၊ good parent ဖြစ်ရဲ့လား စဉ်းစားဖို့လိုပါတယ်။ တကယ်တော့ လက်ထပ်ခြင်းကို သတ်မှတ်ရရင် စီးပွားရေး၊ လူပုဂိုလ်တစ်ယောက်ရဲ့ အခြေအနေကို ထိခိုက်မှုမရှိစေဘဲ တိုးတက်ကောင်းမွန်စေတဲ့ ပတ်သက်မှုမျိုးလို့ ဆိုချင်ပါတယ်။ အချစ်အတွက်လက်ထပ်မယ်ဆိုရင် အဲဒီလူက ဒါတွေကို မမြင်နိုင်တော့ပါဘူး။ စကားပုံရှိပါတယ်။ အချစ်အတွက်လက်ထပ်တဲ့သူတွေက ညကောင်းကောင်းတွေကို ပိုင်ဆိုင်ပြီး ဆိုးရွားတဲ့နေ့တွေကို ပိုင်ဆိုင်ပါတယ်။

Coontz က အချစ်ဆိုတာ တစ်စုံတစ်ယောက်ရဲ့ အကျင့်စရိုက်ကောင်းတွေ၊ လေးစားမှုတွေကနေ ကင်းလွတ်ပြီး တဖြည်းဖြည်းရှင်သန်လာတဲ့အရာလို့ ဆိုပါတယ်။

လက်ထက်ဖို့ဆုံးဖြတ်တဲ့အခါ လူမှုစီးပွားရေးအယူအဆတွေဟာ အခြားသော ပြင်ပမှအခြေအနေများနှင့်ဆက်စပ်နေပါတယ်။ လူ့အဖွဲ့အစည်းမှာ အချစ်တွေများလာလေလေ စီးပွားရေးအရ စဉ်းစားမှုတွေက နည်းလာလေလေဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ အိမ်ထောင်ပြုဖို့နဲ့ အိမ်ထောင်ရေးထိန်းသိမ်းမှုနှစ်ခုလုံးအတွက် အချစ်ရဲ့ အရေးပါမှုဟာ ကြီးမားပါတယ်။ လူနေမှုအဆင့်အတန်းမြင့်မားမှု၊ ကွာရှင်းမှု စတာတွေကို ဖြစ်လာနိုင်ပါတယ်။ Berscheid 2010)

ဆက်သွယ်မှုတည်ဆောက်ခြင်း

အချစ်နဲ့လက်ထပ်ခြင်းကြားက ဆက်နွှယ်မှုတည်ဆောက်ဖို့ဆိုရင် ခဏတာစိတ်ကစားပြီးရူးမိုက်စွာချစ်တဲ့အချစ်နဲ့ နက်နက်ရှိုင်းရှိုင်းခံစားပြီးချစ်တဲ့အချစ်ကို ကွဲပြားဖို့လိုပါတယ်။ နက်ရှိုင်းစွာခံစားပြီး ချစ်တဲ့အချစ်မှာ စိတ်ကစားတာတွေ၊ အပြောင်းအလဲဖြစ်တာတွေ မပါပါဘူး။ လိင်စိတ်ဆနအတွက်ပဲ ချစ်လိုက်တဲ့အချစ်က ခဏတာပဲတည်ပါတယ်။

မကြာသေးခင်က ပြုလုပ်တဲ့ အချစ်အတွက်လက်ထပ်တယ်ဆိုတာ ဥာဏ်ရှိတယ်မခေါ်ဘူး လို့စိတ်ပညာလေ့လာမှုတစ်ခုအရ Susan Pease Gadoua က အချက် 3 ချက်နဲ့ ဆိုပါတယ်။

၁။ အချစ်ဆိုတာ ပြောင်းလဲနိုင်တဲ့ စိတ်ခံစားချက်ဖြစ်တယ်။

၂။ အချစ်ဟာ လုံလောက်ခိုင်မာတဲ့ အခြေခံအုတ်မြစ်အတွက် မလုပ်ပေးနိုင်ဘူး။

၃။ အချစ်ဆိုတာ သင်ရဲ့လိုအပ်(ဆန)တာတွေနဲ့ ဝေးကွာနေတယ်။

နက်ရှိုင်းတဲ့အချစ်ရဲ့သဘောအရ ဒီငြင်းဆိုမှု ၃ ခုကို ဖြေရှင်းနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။

၁။ စိတ်ကစားတဲ့အချစ်က တကယ်တော့ ယာယီစိတ်ခံစားမှုတစ်ခုသာဖြစ်ပြီး ပြောင်းလဲနိုင်တဲ့ အခြေအနေများစွာအပေါ်မှာ မူတည်နေပါတယ်။ သို့ပေမယ့် နက်ရှိုင်းတဲ့အချစ်ကတော့ နှစ်ပေါင်းများစွာတည်တံ့နိုင်တဲ့ အဖြစ်အပျက်တစ်ခုလို ခိုင်မြဲနေမှာပါ။

၂။စိတ်ကစားပြီးချစ်တဲ့အချစ်က ချစ်သူနှစ်ယောက်ကို နှစ်ပေါင်းများစွာအတူနေဖို့အတွက် လုံလောက်အားကောင်းတဲ့ ဘ၀အခြေခံအုတ်မြစ်အဖြစ် ပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။ သို့ပေမယ့် အချစ်စစ်အချစ်မှန်ကတော့ ချစ်သူနှစ်ယောက်ရဲ့ နှောင်ကြိုးအပေါ်အခြေခံပြီး ဘ၀ရဲ့ အခက်အခဲများကို အတူတကွကျော်ဖြတ်နိုင်စေပြီး ဘ၀အခြေအနေပြောင်းလဲတိုးတက်စေမှာပါ။

၃။ စိတ်ကစားတဲ့အချစ်က သင့်လိုအပ်ချက်နဲ့ တကယ့်ကို ဝေးကွာနေစမှာပါ။ သို့ပေမယ့် အချစ်စစ်ကတော့ တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးပြီး နှစ်ဦးလုံးအတွက်အဆင်ပြေမှာပါ။ Augustine က ချစ်ပါ ပြီးတော့ သင်ဆနအတိုင်းလုပ်ဆောင်ပါ လို့ဆိုပါတယ်။ ဆိုလိုတာကတော့ အချစ်က ကျွန်တော့်တို့ရဲ့ ဘ၀လိုအပ်ချက်၊ မျှော်လင့်ချက် အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အင်အားပဲဖြစ်ပါတယ်။ အချစ်စစ်မဟုတ်ခဲ့ရင်တော့ ဘ၀အိပ်မက်တွေကို ရိုက်ချိုးသွားမှာပါ။

လူတစ်ယောက်ကို ပြင်းပြတဲ့ အချစ်တွေကို အခြေခံပြီး လက်ထပ်တဲ့အခါ လျစ်လျူရှုတတ်တာကို အကြင်နာတရားကင်းမဲ့တယ်လို့ ယာယီယူဆပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမယ့် ရေရှည်အတွက် စဉ်းစားတဲ့အခါ ဒီဆုံးဖြတ်ချက်ဟာ မလိုလားအပ်တဲ့ပြသာနာတွေဖြစ်လာမယ်ဆိုတာ သက်သေပြပါလိမ့်မယ်။ ဥပမာ- စိတ်ဆင်းရဲမှု

အချစ်ဆိုတာ ကျွန်တော်တို့ဘ၀ရဲ့အရေးကြီးတဲ့ ကဏ္ဍတစ်ခုအဖြစ်၊ လက်ထပ်ဖို့ ဆုံးဖြတ်ချက်တစ်ခုအဖြစ်၊ သို့မဟုတ် အခြားသော ရင်းနှီးဆက်နွယ်မှုတွေအတွက်ရှိသင့်ပါတယ်။ သို့ပေမယ့် ရေရှည်တည်တံ့တဲ့ပျော်ရွှင်မှုတွေ အဓိပာယ်ရှိမှုတွေကတော့ အချစ်တစ်ခုတည်းအပေါ် အခြေခံမှာမဟုတ်ပါဘူး။ နက်ရှိုင်းတဲ့အချစ်မှသာ အပြန်အလှန်နားလည်မှုတွေ၊ ဂရုစိုက်မှုတွေအပြင် အားကောင်းတဲ့ ပြင်းအား(ချစ်ခြင်း)တွေ ပါဝင်နေမှာပါ

အောင်မြင်တဲ့လက်ထပ်မှုမှာ အကြိမ်ပေါင်းများစွာချစ်တတ်ဖို့လိုပြီး အမြဲတမ်း တစ်ယောက်တည်းအတွက်ပဲဖြစ်ရပါမယ်။ Migon McLaughlin

Thursday, March 20, 2014

အနမ်းသမိုင်း




လူတွေရဲ့ လူမှုဆက်ဆံရေးမှာ တစ်ဦးနှင့်တစ်ဦး နမ်းကြတယ်ဆိုတဲ့ အပြုအမူဟာ မွေးကတည်းက လူတွေရဲ့အသိမှာပါလာတာလား ဒါမှမဟုတ် (မသိမသာ) သင်ယူလေ့လာပြီးမှ ရလာတဲ့ အမူအကျင့်လားဆိုတာ စဉ်းစားစရာပါ။ စိတ်ပညာရှင်တွေ၊ အပြုအမှုသိပ္ပံပညာရှင်တွေကတော့ လူတွေရဲ့အမူအကျင့်တွေဟာ ပတ်ဝန်းကျင် လူတွေဆီကနေ သိစိတ် (သို့မဟုတ်) မသိစိတ်ကနေ တဖြည်းဖြည်းလေ့လာသင်ယူရာက တတ်မြောက်ကြတယ်လို့ဆိုပါတယ်။




Dr Neel Burton ရဲ့ Hide and Seek ဆိုတဲ့ စာအုပ်ထဲမှာ အနမ်းနဲ့ ပတ်သက်ပြီး တင်ပြ ဆွေးနွေးထားတာလေးတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။




နမ်းရှုပ်ခြင်းဆိုတာ တကယ်တော့ ကမ္ဘာမှာ လူတိုင်းလုပ်ကြတဲ့ အမူအရာတစ်ခုမဟုတ်ပါဘူး။ ယနေ့ထိ အချို့သော နေရာတွေမှာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာတွေနဲ့ ကန့်သတ် ပိတ်ပင် ထားတာတွေရှိနေတယ်လို့ Dr Neel Burton ကဆိုပါတယ်။ လေ့လာထားသူတွေရဲ့ အဆိုအရ နမ်းရှုပ်ခြင်းဟာ မွေးရာပါတတ်မြောက်လာတဲ့ အမူအကျင့်မဟုတ်ဘဲ (မသိမသာ) လေ့လာသင်ယူပြီး ပြုမူလုပ်ဆောင်ကြတယ်လို့ ဆိုကြပါတယ်။ နမ်းရှုပ်ခြင်းကို သင်ယူဖို့ ဘယ်ကနေ အစပျိုးလဲလို့ဆိုရင် ငယ်စဉ်ကလေးဘ၀မှာ အစာကောင်းကောင်းမခြေနိုင်သေးတဲ့ ရင်သွေးတွေကို မိခင်တွေကအစားအစာကို ၀ါးပြီး နှုတ်ခမ်းချင်း ခွံ့ကျွေးရာကနေ စတင်တယ်လို့ ဆိုကြပါတယ်။ ကလေးအတွက် အစာကျွေးတဲ့ အပြုအမူလေးဟာ နောက်ပိုင်းမှာ ကလေးအတွက် နမ်းရှုပ်တတ်လာဖို့ အစပျိုးပေးလိုက်တယ်လို့ ဆိုကြပါတယ်။




နမ်းခြင်းဟာ သက်ရှိလူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အပြုအမူတစ်ခုဖြစ်တယ်လို့ အပြုအမူသိပ္ပံပညာရှင်များကပြောကြပါတယ်။ ဟိုးအရင် ကျောက်ခေတ်က လူသားတွေဟာလည်း တစ်ဦးနဲ့တစ်ဦး အနံ့ခံခြင်း၊ ဆက်သွယ်ပြောဆိုခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်း၊ ရင်းနှီးမှုခိုင်မြဲအောင်လုပ်ခြင်းစတဲ့ နေရာတွေမှာ နမ်းရှုပ်ခြင်းကို အသုံးပြုခဲ့ကြတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ လေ့လာချက်များအရ ၂ ရာစုလောက်ကတည်းက ရှိခဲ့တဲ့ ရှေးကျတဲ့ အိန္ဒိယလူမျိုးတွေရဲ့ မှတ်တမ်းတွေထဲမှာ နမ်းရှုပ်ခြင်းအကြောင်းကို ဖော်ပြမှတ်တမ်းတင်ခဲ့ကြတာကို သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။ အချို့သော မနုဿဗေဒပညာရှင်များရဲ့အဆိုအရ ဘီစီ (၃၂၆)မှာ အယ်လက်ဇန္ဒားဘုရင်က အိန္ဒိယနိုင်ငံကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီးမှာ ဂရိလူမျိုးတွေက ညစ်ညမ်းတဲ့နမ်းရှုပ်ခြင်းတွေကို အိန္ဒိယလူမျိုးတွေဆီက သင်ယူခဲ့ကြတယ်လို့ဆိုပါတယ်။ တကယ်တော့ နမ်းရှုပ်ခြင်းဆိုတာ အိန္ဒိယလူမျိုးတွေက စတင်ခဲ့တယ်လို့ ယတိပြတ်ပြောလို့မရပါဘူး။ ရှေးကျတဲ့အထဲမှာတော့ ပါနိုင်ပါတယ်။ အခြားဖော်ပြချက်တစ်ခုအရ ဘီစီ ၉ ရာစုလောက်မှာ ဟိုမားမှာရှိတဲ့ ဘုရင်ပရိုင်ယမ်(မ်)ဟာ သေဆုံးသွားတဲ့သားပြန်ရှင်သန်လာစေဖို့ Achilles ရဲ့လက်ကို နမ်းခဲ့တယ်လို့ဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့ငယ်ငယ်က နှစ်ခြိုက်ခဲ့ရတဲ့ စနှိုးဝိုက်ပုံပြင်ထဲမှာဆိုရင်လည်း မင်းသမီးလေးပြန်ရှင်သန်လာဖို့ မင်းသားလေးက အနမ်းပေးတယ်ဆိုတာကို သွားသတိရမိပါတယ်။




သမိုင်းသုတေသီတွေရဲ့ တွေ့ရှိချက်မှာတော့ ဘီစီ ၅ရာစုလောက်မှာ ပါရှားလူမျိုးတွေကြား နမ်းရှုပ်ခြင်းကို လူမှုဆက်ဆံရေးမှာ စတင်အသုံးပြုနေပြီလို့ဆိုကြပါတယ်။ နမ်းတဲ့နေရာမှာ ဂုဏ်ရည်သူအချင်းချင်းနှုတ်ဆက်တဲ့အခါ နှုတ်ခမ်းချင်းနမ်းကြပြီး၊ ဂုဏ်ရည်နိမ့်တဲ့သူတွေကိုတော့ ပါးပြင်ကိုနမ်းပြီး နှုတ်ဆက်ကြတယ်လို့ဖော်ပြထားတာကို တွေ့ရပါတယ်။




ရောမလူမျိုးတွေ အသုံးပြုခဲ့ကြတဲ့ အနမ်းကတော့ သူတို့ရဲ့ လူမှုရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်ကစပြီး လိင်ပိုင်းဆိုင်ရာရည်ရွယ်ချက်တွေ ဖြည့်ဆည်းဖို့ အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်။ လူမှုရေးနယ်ပယ်မှာဆိုရင်တော့ ကျေးကျွန်တွေဟာ မိမိတို့ရဲ့ အရှင်သခင်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့ ပါးပြင်ကနေ ခြေဖမိုးထိနမ်းခြင်းဖြင့် သစ္စာစောင့်သိကြောင်းပြတယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားစရာတစ်ခုက အဲဒီခေတ်က သဘောတူညီမှု တစ်ခုခုရယူရင်ပဲဖြစ်ဖြစ်၊ ကတိထားကြတာပဲဖြစ်ဖြစ် အနမ်းနဲ့သက်သေထားကြတယ်ဆိုတဲ့ အချက်ပါ။ စာချုပ်ချုပ်ဆိုတဲ့ ပုံစံမျိုးအဖြစ် အသုံးပြုခဲ့တယ်လို့ဆိုကြပါတယ်။ လက်ထပ်ကြတဲ့စုံတွဲတွေဟာ မင်္ဂလာအခမ်းအနားရဲ့လူအစုအဝေးရှေ့မှာ နမ်းကြရပါတယ်။ အဲဒီ ဓလေ့ဟာ ယနေ့ခေတ် မင်္ဂလာအခမ်းအနားတွေထိ မြင်တွေ့နေရတဲ့ ရောမလူမျိုးတွေဆီက စခဲ့တဲ့ ထုံးတမ်းတစ်ခုပါပဲ။




ရောမလူမျိုးများရဲ့ တန်ခိုးအရှိန်အ၀ါ တဖြည်းဖြည်းမှေးမှိန်လာပြီး ခရစ်ယာန်အယူဝါဒကျယ်ပြန့်လာချိန်မှာ အနမ်းနဲ့ပတ်သက်တဲ့ အမူအကျင့်တွေဟာ တဖြည်းဖြည်းပုံစံပြောင်းလာခဲ့ပါတယ်။ ရှေးက ခရစ်ယာန်လူမျိုးတွေက သန့်ရှင်းတဲ့ဝိညာဉ်ရေးရာယုံကြည်မှုကို အခြေခံပြီး တစ်ဦးနှင့်တစ်ဦး မြင့်မြတ်တဲ့အနမ်း (holy kiss) နဲ့ နှုတ်ဆက်ကြတယ်လို့ ဖော်ပြကြပေမယ့် holy kiss နဲ့ပတ်သက်ပြီး ရှင်းလင်းအောင် ဖော်ပြထားကြခြင်းမရှိပါဘူး။ လေ့လာသူတွေဖော်ပြချက်အရ ခရစ်ယာန်ဘုန်းတော်ကြီး စိန့်ပီတာက လူတွေအချင်းချင်း မေတ္တာပွားစေလိုတဲ့အနေနဲ့ အနမ်းနဲ့ နှုတ်ဆက်ကြဖို့ တိုက်တွန်းခဲ့ပေမယ့် တစ်ချိန်တည်းမှာ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ စိန့်ပေါလ်ကတော့ တနင်္လာနေ့နဲ့ ကြာသပတေးနေ့မှာ ခရစ်ယာန်တွေအနေနဲ့ နမ်းခြင်းမပြုရဘူးလို့တားမြစ်ခဲ့ပါတယ်။ နှစ်တစ်နှစ်လုံးရဲ့ အဲဒီနေ့တွေဟာ ဂျူးဒက် (Judas) က ဘုရားသခင်ကို အနမ်းနဲ့သစ္စာဖောက်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တားမြစ်ခဲ့တာဖြစ်ပါတယ်။ ဘုရားကျောင်းပြင်ပမှာတော့ ကျေးကျွန်တွေဟာ ဘုရင်ရဲ့ ၀တ်ရုံ (သို့) လက်စွပ် (သို့) ဖိနပ်ကို နမ်းပြီး အရိုအသေပေးရတယ်လို့ ရေးသားဖော်ပြထားကြတာတွေကို တွေ့ရပါတယ်။




ရောမ အင်ပါယာကျဆုံးပြီးနောက်မှာ စိတ်ကူးယဉ်စရာကောင်းတဲ့ (ကြည်နူးဖွယ်လှပတဲ့) နမ်းခြင်းဓလေ့တွေဟာ နှစ်ပေါင်း ၁၀၀၀ထိ ပျောက်ဆုံးသွားခဲ့ရပါတယ်။ ၁၁ရာစုကိုပြန်ရောက်လာမှ အနမ်းတွေဟာ လူတွေကြားပြန်လည် ပျံ့နှံ့လာပြန်ပါတယ်။ အဲဒီအချိန်ဟာ ပြဇာတ်ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ဂျူးလိယက် အချစ်ဇာတ်လမ်းအောင်မြင်ပြီး ဇာတ်လမ်းထဲက ချစ်သူနှစ်ယောက်ရဲ့ အနမ်းကိုရေးသားဖော်ပြမှုတွေကြောင့် နှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့ နမ်းရှုပ်ခြင်းဆိုတာ လူမှုဆက်ဆံရေးနယ်ပယ်ထဲကို အင်အားကောင်းကောင်းနဲ့ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အနမ်းကို လူမှုပတ်ဝန်းကျင်မှာ ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့၊ အကြမ်းဖက်မှုတွေနည်းပါးဖို့ ချစ်ခြင်းတရားကိုဖော်ပြတဲ့အနေနဲ့ အသုံးပြုလာကြတဲ့ ယနေ့ထိပါပဲလို့ဆိုကြပါတယ်။


Refferences-Dr Neel Burton, Hide and Seek(2014)/ Psychological team of American, Kiss Theory(2010) / Group of Behavioral Science in Califonia, Stories of Kisses (2003) စာအုပ်များထဲမှ အကြောင်းအရာအချို့ကို ထုတ်နှုတ်ပြီး ဘာသာပြန်တင်ဆက်ခြင်းဖြစ်ပါသည်။