၁။ အသာစီးမယူနဲ့ အခွင့် အရေးသမားမလုပ်နဲ့ ။
ယောက်ျားလေးအများစုက အခွင့် အရေးရသလောက်ယူ၊
အမြတ်ထုတ်တာတွေ လုပ်တတ်ကြတယ်၊ ကိုယ်က ဒီလိုမဟုတ်ပဲ ကိုယ့် ဘ၀အတွက် တကယ်ရည်ရွယ်သူ၊
အရည်းအသွေးပြည့်ဝသူ အမျိုးသမီးတစ်ဦးပေါ်သာ မေတ္တာစိတ် တည့်မတ်စွာ ထားတတ်သူ
ဖြစ်ကြောင်း သိသာထင်ရှားပါစေ။
၂။ နေရာတကာ ၀ုန်းဒိုင်းမကျဲနဲ့ ။ ထစ်ခနဲရှိ စိတ်ဆိုးစိတ်တို ပေါက်ကွဲဝုန်းဒိုင်းကြဲသူ လုပ်မပြပါနဲ့ ။
၂။ နေရာတကာ ၀ုန်းဒိုင်းမကျဲနဲ့ ။ ထစ်ခနဲရှိ စိတ်ဆိုးစိတ်တို ပေါက်ကွဲဝုန်းဒိုင်းကြဲသူ လုပ်မပြပါနဲ့ ။
ဘာမဆို ကမူးရှူးထိုး စိတ်နောက်ကိုယ်ပါ ဖြစ်တတ်တာ
ကလေးဆန်တာပါ၊ ကိုယ်ကရင့်ကျက်သူ၊ တွေးဆတတ်သူ၊ ကလေးမဆန်သူဆိုတာ အမြဲပြသနိုင်ပါစေ၊
တည်ငြိမ်ရင့်ကျက်တဲ့ ပုံစံကလည်း မိန်းကလေးတွေအတွက် ညှို့ငင်အား တစ်ရပ်ပါပဲ။
၃။ ကိုယ့်မူနဲ့ ကိုယ် နေတတ်ပါစေ။
၃။ ကိုယ့်မူနဲ့ ကိုယ် နေတတ်ပါစေ။
ကိုယ့်ထက် တခြားသူအပေါ်မှာ ပိုအချိန်ပေးတဲ့
ကိုယ့်အဖော် အမျိုးသမီးကို ဖျတ်ဖျတ်လူး ပြန်ဆွဲဆောင်ချင်မနေပါနဲ့၊ သူမ
ကိုယ့်နားမှာ မနေလည်း ကိုယ့်ဘာသာ တစ်ယောက်တည်း အေးဆေးပေါ့... ဆိုတာမျိုး ပျော်ပျော်ရွှင်ရွှင်
နေထိုင်ပြပါ။ ကိုယ်ပိုင်စတိုင်လ်ရှိသူဟာဆွဲဆောင်မူရှိသူပါပဲ။
၎။ ပြောစရာရှိတာ ပြောရဲဆိုရဲစမ်းပါ။
၎။ ပြောစရာရှိတာ ပြောရဲဆိုရဲစမ်းပါ။
အရမ်းကြီး လူတွင်ကျယ် လုပ်တဲ့ပုံစံထိ
မရောက်အောင်တော့ထိန်းပါ၊ ဒါပေမယ့် ထက်ထက်မြက်မြက် စွမ်းစွမ်းတမံတော့
လုပ်ရပါလိမ့်မယ်၊ ဘယ်နေရာမဆို ရေငုံနုတ်ပိတ် ငုံ့မခံတတ်သူ၊ မဟုတ်မခံ ပြောစရာရှိတာ ပြောရဲဆိုရဲ
သူကို မိန်းကလေးတွေကပိုကြိုက်တယ်။
၅။ သြဇာအာဏာရှိတာမျိုး ဖြစ်ပါစေ။
၅။ သြဇာအာဏာရှိတာမျိုး ဖြစ်ပါစေ။
ကိုယ့်မှာရှိတဲ့ သြဇာကို အလွယ်တကူ
အဆုံးအရှူံးခံ၊ အလျော့ပေးတာမျိုး မလုပ်ပါနဲ့၊ ပတ်ဝန်းကျင်မှာ သြဇာမညောင်းတဲ့  ယောက်ျားလေးမျိုးကို
မိန်းကလေးတွေက မနှစ်သက်တတ်ဘူး၊ လူတကာကိုလိုက်ပြီး လိုက်လျောနေသူ မဖြစ်စေဘဲ ကိုယ်က
သြဇာအာဏာပေးသူမျိုးကို သူတို့ တွေက ကျေနပ်သဘောကျတတ်ပါတယ်။
၆။ ကိုယ့်ကိုကိုယ် အားကိုးသူ၊ တာဝန်ယူ ထိန်းကြောင်းနိုင်သူ ဖြစ်ပါစေ။
ဘယ်သူ့ရဲ့ အစေစားခံမှ မဖြစ်ဘဲ ကိုယ့်တာဝန်ကို
ကိုယ်ယူတတ်သူ၊ ကိုယ့်ကိုကိုယ် ထိန်းသိမ်း လျှောက်လှမ်း နိုင်သူဟာ မိန်းကလေးတွေကို
အထူး ဆွဲဆောင်နိုင်သူပါပဲ၊ ကိုယ့်အရည်အချင်းနဲ့ ကိုယ် ရပ်တည်သူ ဖြစ်ပါစေ။
၇။ လိုက်မှီခိုမနေနဲ့။
၇။ လိုက်မှီခိုမနေနဲ့။
တချို့က မိန်းကလေးတွေကို သိပ်မှီခိုတယ်၊ ဘာမဆို
နောက်လိုက်ပဲ လုပ်ချင်တယ်၊ အဲဒါသိပ်မှားတဲ့စရိုက်ပဲ၊ တတ်နိုင်သလောက် ယောက်ျားလေးဖြစ်တဲ့
ကိုယ်က ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး ဦးဆောင်ပါ၊ တခါတလေမှာ ကိုယ်က ကိုယ့်အလိုကျ
သိပ်လုပ်တယ်လို မိန်းကလေးက ထင်ရင်တောင် နောက်ပိုင်းကျတော့ သူတို့ နားလည်သွားပြီး
ကျေနပ်နေကြပါလိမ့်မယ်။
၈။ တချို့ ဟာတွေကိုရှက်နေရမှာမဟုတ်ဘူး။
၈။ တချို့ ဟာတွေကိုရှက်နေရမှာမဟုတ်ဘူး။
ယောက်ျားတယောက်အနေနဲ့  ယောက်ျားပီသတဲ
့စိတ်ဆန္ဒမျိုး ပေါ်ပေါက်တတ်တာကို အတင်းဖုံးကွယ် နေစရာမဟုတ်ဘူး၊ ဖို/မ ကြားက ရင်ခုန်
စိတ်လှုပ်ရှားမူ ရမ္မက်စိတ်ဟာ လူသားပီသမူပါ၊ ဓလေ့ထုံးစံနဲ့ ယဉ်ကျေးမူဘောင်တွေကို
မချိုးဖောက်ဘဲ ပှံမှန် ယောက်ျားလေးတယောက်ရဲ့ စိတ်ဆန္ဒမျိုး ရှိတာကိုလည်း ရှက်စရာလို
့မခံယူပါနဲ့ ။
၉။ ရင့် ကျက်ပါ ၊ ကလေးမဆန်ပါနဲ့ ။
၉။ ရင့် ကျက်ပါ ၊ ကလေးမဆန်ပါနဲ့ ။
ယောက်ျားလေး အများစုရဲ့ ပြဿနာက လူကထွားနေပြီး
အသက်အရွယ်ကလည်း သိပ်မငယ်ဘူး၊ ဒါပေမယ့် ကိုယ်တိုင် သိပ်မရင့်ကျက်ချင်ဘူး၊ မိန်းကလေးတွေကို
ဆွဲဆောင်နိုင်တဲ့ ယောက်ျားလေးတယောက် ဖြစ်ချင်ရင် ကလေးဆန်ဆန် အမူအရာတွေ
ဖျောက်ပေတော့၊ ယောင်္ကျား ပီပီသသ ခန့်ခန့်ညားညား လူကိုမှ သူတို့ ကနှစ်သက်ပါတယ်။
၁၀။ အချိန်ပေးပြီး အတူနေပါ။
၁၀။ အချိန်ပေးပြီး အတူနေပါ။
ယောက်ျားလေး တော်တော်များများမှာ ယောက်ျားပီသမူဆိုတာ
ဘာလဲလို့  မသိတဲ့ကိစ္စကကို ပြောရမှာပါ၊ တကယ်တော့  ကိုယ်ဟာ ယောက်ျားတယောက်
ဖြစ်နေတာနဲ့တင် မိန်းကလေးတွေရဲ့ အသိအမှတ် ပြုမူဆိုတာ ရှိပြီးသားပါ၊
ကိုယ်ကနည်းနည်းလေး သတိထားရမှာက မိန်းကလေးသဘာဝဟာ ယောက်ျားလေးတွေနဲ့  အတူ
နေထိုင်ပြီး စကားပြောရတာကို ကြိုက်နှစ်သက်တယ် ဆိုတာပါပဲ၊ ဒီတော့  မိန်းကလေးနဲ့ 
စကားပြောဖို့အတွက် သူ့ အနားမှာ အချိန်ပေးဖို့ က ယောက်ျားလေးရဲ အဓိကကျတဲ့
တာဝန်ဆိုတာ သိထားဖို့ လိုပါတယ်။
မှတ်ချက်။ ။ ဖတ်ဖူးခဲ့သည်များကို ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။
No comments:
Post a Comment